Wednesday, March 25, 2009

အားလုံးကို ကြိုဆိုလိုက်ပါတယ်

ဒီဘလောဂ့်လေးကို လုပ်ထားခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် ဘာမှ မရေးဖြစ်ခဲ့ဘူး။ ဒီနေ့ တော့ အစ်ကိုအစ်မတွေနဲ့ တွေ့ တာနဲ့ ဘလောဂ့်အကြောင်းပြောရင်းက သူတို့ လုပ်ထားတဲ့ မိသားစု ဘလောဂ်လေးကိုတွေ့ ရတော့ ပျော်သွားခဲ့တယ်။ အရမ်းလည်း ၀မ်းသာသွားတယ်။ ကိုယ်လုပ်ချင်နေတာတွေကို အစ်ကို အစ်မတွေ ကလုပ်ပေးထားတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်။ ထုံးစံအတိုင်း အငယ်ပီပီ နောက်ကနေ အဆင်သင့်လိုက်ရတာကိုပဲ ပိုပြီးကြိုက်တယ်လေ။ ဒါကြောင့် စင်ကာပူရောက် သူငယ်ချင်းမောင်နှမများအားလုံးကို ဘလောဂ့်ကနေ တစ်ဆင့် ၀မ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။